How powerful has the military’s ally, the Pa-O militia, become?

စစ်တပ်မဟာမိတ် ပအိုဝ်းပြည်သူ့စစ် ဘယ်လောက်အင်အားကြီးလာသလဲ

ရှမ်းပြည်မှာ မြန်မာစစ်တပ်ကို အံတုဘက်ပြိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေအများအပြားရှိနေပေမဲ့ ပအိုဝ်းပြည်သူ့စစ်(PNO) ကတော့ မြန်မာစစ်တပ်ရဲ့ကာလရှည် မဟာမိတ်ဖြစ်ပါတယ်။

တချိန်ကလွှတ်တော်အမတ်ဖြစ်သူ မြန်မာ့ထိပ်တန်းသူဌေးစာရင်းဝင် ဦးနေဝင်းထွန်းက ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဦးဆောင်နေပြီး PNO က လက်နက်၊ လူသူနဲ့ နည်းပညာတွေ တိုးချဲ့မြှင့်တင်လာနေပါတယ်။

PNO တပ်ဟာ သူတို့ရဲ့ စစ်ရေးလေ့ကျင့်ခန်းတွေအတွက် ရုရှားတွေကို ခေါ်သုံးပြီး အထူးကွန်မန်ဒိုတပ်သားတွေပါ မွေးထုတ်နေတယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။

ဒီအင်အားတိုးချဲ့မှုနဲ့အတူ ဒေသခံတွေဆီက အကြောင်းပြချက်မျိုးစုံနဲ့ ငွေကြေးကောက်ခံတာ၊ ရွာအလိုက် စစ်မှုထမ်းတောင်းခံတာတွေနဲ့ ဒေသခံတွေ ရင်ဆိုင်နေရတယ်လို့ ပအိုဝ်းလူ့အခွင့်အရေးအဖွဲ့ (PHRG) က ထောက်ပြပါတယ်။

စစ်ကောင်စီရဲ့ရှေ့ပြေးတပ် PNO

၂၀၂၄ သြဂုတ်လတုန်းက PNO သင်တန်းဆင်းမြင်ကွင်း
ဓာတ်ပုံ ပုံစာ,၂၀၂၄ သြဂုတ်လတုန်းက PNO သင်တန်းဆင်းမြင်ကွင်း

၂၀၂၅ ခုနှစ်အစပိုင်း ငါးလတာအတွင်းမှာ ပအိုဝ်းပြည်သူ့စစ်(PNO) ဟာ စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ လက်နက်ကိုင်တပ်တွေရယူထားတဲ့ ကျေးရွာတွေကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*