Curfew imposed in some areas of downtown LA

LA မြို့လယ်နေရာတချို့ကို ညမထွက်ရအမိန့်ထုတ်

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က အယ်လ်အေ(LA)လို့သိကြတဲ့ လော့စ်အိန်ဂျလိစ်မြို့မှာတော့ ဆန္ဒပြပွဲတွေကြောင့် မြို့လယ်ရပ်ကွက်တချို့ကို မြို့တော်ဝန်က ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါပြီ။

မြန်မာနဲ့ စံတော်ချိန်ကွာခြားချက်ကြောင့် လော့စ်အိန်ဂျလိစ်မြို့မှာ ဒေသစံတော်ချိန် ဇွန်လ ၁၀ ရက် ည ၁၀ နာရီခွဲခန့်ပဲ ရှိနေပါသေးတယ်။

လူဝင်မှုကြီးကြပ်ရေး စီးနင်းရှာဖွေမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအတွင်း အကြမ်းဖက်မှုနဲ့ လုယက်မှုတွေကို တုံ့ပြန်ဖို့ မြို့တော်ဝန်က အခုလိုအမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်မှာတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆန္ဒပြပွဲတွေမဖြစ်ခင် ကြိုတင်ပြီး ပြည်စောင့်တပ်ကို ဖြန့်ကြက်ထားလိုက်ပြီဖြစ်ပါတယ်။

အယ်လ်အေမှာ သမ္မတ ထရမ့်က ပြည်စောင့်တပ်ကို ပထမဆုံး စတင်ဖြန့်ကြက်တဲ့အကြောင်း ဘီဘီစီသတင်းဖော်ပြချက်ကို ထရမ့်လွှတ်လိုက်တဲ့ ပြည်စောင့်တပ် LA မြို့ကြီးထဲ ဝင်လာပြီ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*