Did a rumor that a furniture store was invaded by a wolf spark the LA protests?

ပရိဘောဂဆိုင်ကို လဝက ဝင်စီးပြီဆိုတဲ့ကောလာဟလက LA ဆန္ဒပြပွဲတွေကို မီးထိုးပေးခဲ့တာလား

အမေရိကန်မှာ တရားမဝင်နေထိုင်သူတွေကို နှိမ်နင်းတဲ့သမ္မတဒေါ်နယ်ထရမ့်ရဲ့ မူဝါဒကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေ လော့စ်အိန်ဂျလိစ်မြို့မှာဖြစ်လာတဲ့အခါ ဟွမ်နဲ့ သူ့ မိတ်ဆွေတွေ မြို့အနီး အိမ်ထောင်ပရိဘောဂပစ္စည်းဆိုင်တစ်ဆိုင်ရဲ့ ကားရပ်တဲ့နေရာမှာ စုဝေးနေကြချိန်ဖြစ်ပါတယ်။

ပုံမှန်ဆို သူတို့ ဒီလိုစုဝေးကြရင် ပါဝင်ကြသူအများစုက အထောက်အထားမဲ့ရွှေ့ပြောင်းတွေ ဖြစ်ကြပြီး အလုပ်မျိုးစုံလုပ်ကြတွေ ဖြစ်ပါတယ်။ ဆိုင်တွေမှာ ဒါမှမဟုတ် နေ့စားပုတ်ပြတ််အလုပ်တွေမှာ အလုပ်ရကြလေမလားဆိုပြီး စုဝေးကြတာဖြစ်ပါတယ်။

ဒါပေမဲ့ တနင်္ဂနွေနေ့တုန်းကတော့ အိမ်အမိုးပြုပြင်ပေးတယ်၊ ဆေးသုတ်ပေးတယ်လို့ ကြေညာထားတဲ့ ပစ်ကပ်ကားသေး ၂ စီးသာ ပါရာမောင့်မြို့ဆင်ခြေဖုံးအရပ်က ဟုမ်း ဒီပေါ့ အိမ်ဆောက်ပစ္စည်းဆိုင်ခွဲအပြင်ဘက်မှာ ရပ်ထားတာ တွေ့ထားပါတယ်။ ပါရာမောင့်ဟာ စပိန်နဲ့ ပေါ်တူဂီနွယ်ဖွား ၈၂ ရာခိုင်နှုန်းအထိ နေထိုင်ကြတဲ့မြို့ဖြစ်ပါတယ်။

အဲဒီဆိုင်က သမ္မတထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူကို ဆန္ဒပြမှု မီးပွားစတင်ခဲ့တဲ့နေရာဖြစ်ပါတယ်။ အဲဒီဆိုင်ထဲက နေ့စားလုပ်သားတွေ အဝိုင်းခံရပြီးတဲ့နောက် ဖမ်းဆီးခံရတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပြီးနောက်မှာ ဆန္ဒပြတာတွေ ပေါ်ပေါ်ခဲ့တာပါ။ ဟွမ်တို့ ရောက်တဲ့နေ့ကတော့ ဆန္ဒပြမှု စဖြစ်ပြီး နောက်တစ်ရက်ဖြစ်ပါတယ်။

အဲဒီရပ်ဝန်းမှာနေထိုင်ကြသူအများစုကတော့ ပတ်ဝန်းကျင်မှာ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ကားတွေ အများကြီးကို တွေ့ခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*