Things you need to know about President Trump’s travel ban on Myanmar

သမ္မတထရမ့်က မြန်မာကို ပြည်ဝင်ခွင့်ပိတ်တာနဲ့ပတ်သက်လို့ သိထားသင့်တဲ့အချက်တွေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ စာရင်းမှာ မြန်မာလည်း ပါဝင်လာပါတယ်။

မြန်မာနဲ့အတူ အာဖဂန်နစ္စတန်၊ ချက်၊ ကွန်ဂို၊ အီကွေတာတို့ရား ဂီနီ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတွေဟာ အမေရိကန်နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ခံရတာပါ။

အမေရိကန်နိုင်ငံသားတွေ နိုင်ငံခြားသား အကြမ်းဖက်ခံရမှုတွေဆီကနေ အကာအကွယ်ပေးဖို့နဲ့ အမျိုးသား လုံခြုံရေးအတွက်လို့ဆိုပြီး သမ္မတထရမ့်က လက်မှတ်ရေးထိုးပြီး ပြည်ဝင်ခွင့်တားမြစ်လိုက်တာဖြစ်ပါတယ်။

ပြည်ဝင်ခွင့်ထုတ်ပြန်တဲ့အမိန့်ဟာ ဇွန် ၉ ရက် အမေရိကန်အချိန်ဇုန်(EDT) မနက် ၁၂ နာရီ ၁ မိနစ်မှာ စတင်အသက်ဝင်ပါပြီ။

မြန်မာတွေအနေနဲ့ ဘာတွေသိထားသင့်လဲ၊ ဗီဇာရဖို့ စောင့်ဆိုင်းနေရဆဲ မြန်မာတွေဘယ်လိုဆက်ဖြစ်မလဲ၊ ပညာသင်ကြားဖို့ အမေရိကန်ရောက်နေတဲ့ မြန်မာကျောင်းသားတွေရဲ့ ဗီဇာဘယ်လိုဆက်ဖြစ်မလဲ၊ အမေရိကန်နေထိုင်ခွင့် ကံစမ်းမဲ (DV) မှာ မြန်မာတွေ ပါဝင်ခွင့်ရှိဦးမလားစတဲ့ မေးခွန်းတွေကို ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးက ပြန်လည်ဖြေကြားပေးထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*