Protests spread to at least 10 major US cities

အမေရိကန်မြို့ကြီးတွေ ၁၀ မြို့ထက်မနည်းအထိ ဆန္ဒပြပွဲတွေ ပျံ့လာ

အမေရိကန်ပြည်ထောင်စုမှာတော့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာစီးနင်းမှုတွေကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေဟာ လော့စ်အိန်ဂျလိစ်နဲ့ နယူးယောက်မြို့ကြီးအစ တက္ကဆက်ပြည်နယ်ထဲက မြို့ကြီးတွေအထိ ပျံ့နှံ့လာပါတယ်။

နယူးယောက်မြို့မှာဖြစ်တဲ့ ဆန္ဒပြပွဲအများစုကတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ပေမဲ့ ဖမ်းဆီးမှုတချို့လည်း ဖြစ်ထားတယ်လို့ သိရပါတယ်။

တက္ကဆက်ပြည်နယ်ထဲမှာတော့ ပြည်စောင့်တပ်ကို ဖြန့်ကြက်ထားလိုက်ပြီဖြစ်ပါတယ်။

အမေရိကန်က အယ်လ်အေ၊ နယူးယောက်၊ အတ္တလန္တာ၊ ချီကာဂို၊ ဖီလယ်ဒဲဖီးယား၊ ဒါးလက်စ်၊ အော်စတင်နဲ့ ဆန်ဖရန်စ္စကိုမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ထွက်ပေါ်လာတာပါ။

တက္ကဆက်မှာတော့ ဆန္ဒပြပွဲတွေလုပ်ကြဖို့ရှိတယ်ဆိုတဲ့သတင်းကြောင့် စီစဉ်ထားတဲ့အဲဒီပွဲတွေ မတိုင်ခင်မှာပဲ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်စောင့်တပ်ကို ဖြန့်ကြက်ထားလိုက်ပြီဖြစ်ပါတယ်။

အယ်လ်အေမြို့ကြီးရှိရာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဂယ်ဗင် နယူဆန်ကတော့ သမ္မတ ထရမ့်ဟာ အယ်လ်အေက ပြဿနာတွေကို မကြီးကြီးအောင်လုပ်နေတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

သမ္မတ ထရမ့်ကတော့ ဆန္ဒပြမှုတွေဟာ ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို စော်ကားလိုက်တာလို့ပြောပြီး တစ်ချိန်တည်းမှာပဲ အယ်လ်အေမှာ ပြည်စောင့်တပ်ကို နှစ်ဆတိုးလို့ ဖြန့်ကြက်ထားလိုက်ပါတယ်။

အယ်လ်အေက ဆန္ဒပြပွဲတွေဖြစ်လာစေတဲ့အကြောင်းရင်းတစ်ရပ်အကြောင်း ဘီဘီစီ သတင်းဖော်ပြချက် ပရိဘောဂဆိုင်ကို လဝက ဝင်စီးပြီဆိုတဲ့ကောလာဟလက LA ဆန္ဒပြပွဲတွေကို မီးထိုးပေးခဲ့တာလား ကိုလည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*